ဘာမှအရေးမပါ အရာမရောက်လည်း
ကျွန်မသူငယ်ချင်း ဂျိန်းသည် အလုပ်ခွင် စည်းဝေးတစ်ခုတွင် တစ်စုံတစ်ရာပြောခဲ့သော် လည်း မည်သူမျှ မတုံ့ပြန်ခဲ့ပေ။ ထို့ကြောင့် သူထပ်ပြောသည်။ ဤတစ်ကြိမ်တွင်လည်း မည်သူမျှ မတုံ့ပြန်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များ က သူမကို အလေးမထား။ သို့နှင့် သူမ၏အမြင် အယူအဆက အရေးမကြီးခြင်းဖြစ်မည်ဟု ယူဆ လိုက်သည်။ သူသည် အရေးမပါ၊ လျစ်လျူရှု ခံရသည်ဟု သူခံစားရသည်။ ထိုခံစားချက်ကို သင်လည်း သိမည်ပင်။ ဘုရားသခင်၏ လူများသည်လည်း လူမျိုးတစ်နွယ်အနေနှင့် ထိုကဲ့သို့ခံစားခဲ့ကြသည် (ဟေရှာ ၄၀)။ အသက်ရှင်သန်မှုအတွက် သူတို့၏ နေ့စဉ်ရုန်းကန်ရမှုများကို ဘုရားသခင် မမြင်၊ နားမလည်ဟု သူတို့ထင်ခဲ့ကြသည်။ တောင်ပိုင်းတိုင်းပြည်သည် သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး၊ တိုင်းတစ်ပါးတွင် ကျွန်ပြုခံရသူများက “ငါသွား သော လမ်းကို ထာဝရဘုရားသိတော်မမူ၊ ... ငါ့အမှုကို ဘုရားသခင်မှတ်တော်မမူ” (း၂၇)ဟု မြည်တမ်းညည်းတွားခဲ့ကြသည်။…
အတွင်းပိုင်း၌ လှနေသည်
အသွားအလာများသော လမ်းမကြီး တွင် သာမန်အိမ်တစ်လုံးရှိသည်။ ထူးခြားသည့် လက္ခဏာများမရှိသဖြင့် ထိုအိမ်ကို သတိမထားမိ။ သို့သော် တစ်နေ့တွင် ထိုအိမ်ရှေ့မှ ကားဖြတ် မောင်းသွားစဉ် “ရောင်းမည်” ဆိုသော ဆိုင်းဘုတ် ကို တွေ့လိုက်ရသည်။ ထိုဆိုင်းဘုတ်နှင့်တွဲလျက် “အတွင်း၌ အလွန်လှသည်” ဟူသောကြော်ငြာ လေးလည်းပါရှိသည်။ အိမ်ဝယ်ရန် စိတ်ကူးမရှိ သော်လည်း ထိုဆိုင်းဘုတ်က ကျွန်ုပ်ကိုဆွဲဆောင် နေသည်။ ဘာမှ သတိထားမိစရာမရှိသော ထိုအိမ်ကို အတွင်းပိုင်း၌ မည်သည့်အရာက အလွန် လှပစေသနည်း။
“သခင်ယေရှု၏နောက်လိုက် ကျွန်ုပ် တို့နှင့် ထိုဆိုင်းဘုတ်က မည်ကဲ့သို့ သက်ဆိုင်နေသနည်း။” ကျွန်ုပ်တို့ အပြင်ပန်း၌ မည်ကဲ့သို့ ဖြစ်နေပါစေ၊ ကျွန်ုပ်တို့၏အသက်တာများ၌ ဘုရားသခင်မေတ္တာနှင့် ဘုရား ပြုသောအမှုကို ဖော်ပြသောအလှတစ်ခု ကျွန်ုပ်တို့အတွင်း၌ ရှိနေသည်မဟုတ်ပါလား။
အတွင်း( စိတ်နှလုံး) လှပခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက ဘာပြော သနည်း။…
မျက်မြင်သက်သေဖြစ်ခြင်း
ကျွန်ုပ် ဆယ်ကျော်သက်အရွယ်က ကားတိုက်မှုတစ်ခု၌ မျက်မြင်သက်သေဖြစ်ခဲ့ ရသည်။ ယာဉ်တိုက်မှု၏ နောက်ဆက်တွဲ မပြီးဆုံး နိုင်သော စစ်ဆေးမေးမြန်းမှုများက ထိတ်လန့် စရာပါ။ ကိုယ်တိုင်မြင်ခဲ့ရသည့် ယာဉ်တိုက်မှု ဖြစ်စဉ်ကို ရှေ့နေများနှင့် ကားအာမခံဝန်ထမ်း များအား လပေါင်းများစွာ ထပ်တလဲလဲ ရှင်းပြရ သည်။ ယာဉ်ပျက်စီးမှု ထိခိုက်ဒဏ်ရာရရှိမှုများ ထက် ကိုယ်တိုင်မျက်မြင်တွေ့ခဲ့သည့် အကြောင်း အရာကိုသာ ပြောပြရသည်။
ခရစ်တော်၏နောက်လိုက်များသည် မိမိအသက်တာအတွင်းနှင့် မိမိအတွက် သခင် ယေရှု ပြုပေးခဲ့သည့်အမှုကို လူတို့အား ပြောကြား ရန် သက်သေခံများအဖြစ် ခေါ်ယူစေစားခြင်းခံရသည်။ လူများအား ခရစ်တော်ထံသို့ ပြညွှန်ပို့ဆောင်ရာတွင် သမ္မာကျမ်းစာနှင့် မေးမြန်းမှု မှန်သမျှအားလုံးကို ဖြေနိုင်ရန်မလိုပါ။ မိမိအသက်တာ၌ လက်ဝါးကပ်တိုင်တော်နှင့် ကယ်တင်ရှင်၏ သေခြင်းမှရှင်ပြန်ထမြောက် ခြင်းကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည့်အတိုင်း ပြောကြားရန်ဖြစ်သည်။ ထို့ပြင် ထိုသို့ လုပ်ဆောင်ရာ၌ မိမိ၏ကိုယ်ပိုင်အစွမ်းအစများအပေါ် မှီခိုအားထားရန်မလို။ “သင်တို့…
အသက်မုန့် မပါသည့်ဘဝ
အစားအသောက်နှင့် ပတ်သက်၍ ရွေးချယ်စရာများစွာရှိသော ခေတ်ယဉ်ကျေးမှု၌ ပေါင်မုန့်သည် အဓိကအစာတစ်ခု မဟုတ်တော့ ပါ။ အကြောင်းအမျိုးမျိုးဖြင့် ပေါင်မုန့်အစား အခြား အစားအစာများကို လူတို့ ရွေးချယ်စားသုံးကြ သည်။ သို့သော် ပထမရာစုတွင် ပေါင်မုန့်သည် အဓိက အရေးကြီးသည့်အစာတစ်ခုဖြစ်ခဲ့သည်။ ထိုခေတ်က ပေါင်မုန့်မစားလျှင် ၎င်းသည် တိုင်း တစ်ပါး အယူအဆသာ ဖြစ်သည်။
မုန့်ကိုပွားစေပြီး အံ့သြဖွယ် လူများကို ကျွေးမွေးခဲ့ခြင်းကြောင့် တစ်နေ့တွင် လူအုပ်ကြီးက ယေရှုကို ရှာပြီး (ယော ၆း၁၁၊၂၆)၊ ဘုရားသခင်သည် တော၌ လူမျိုးတော်အား ကောင်းကင်မှမန္နမုန့်ဖြင့် ကျွေးမွေးခဲ့သည့်အတိုင်း (၆း၃၀-၃၁၊ ထွ ၁၆း၎) ယေရှုကိုလည်း အလားတူ နိမိတ်လက္ခဏာ ပြုလုပ်ပေးရန်တောင်းဆိုသည်။ ယေရှုက သူသည် မှန်သော ကောင်းကင်မုန့်ဖြစ်ကြောင်း(ယော ၆း၃၂) မိန့်တော်မူသောအခါ လူများက နားမလည်၊ သူတို့နေ့စဉ်စားသုံးရန် အဓိကမုန့်ကိုသာ အလိုရှိသည်။…
ဘုရားသခင်မည်သို့ ထောက်ပံ့ပေးသနည်း
ကျွန်မရုံးခန်းအပြင်ဖက်၌ ရှဥ့်လေးများသည် ဆောင်းရာသီကို အန်တုရင်း သူတို့၏အစာ ဖြစ်သည့် ဝက်သစ်ချသီးများကို လုံခြုံသော နေရာတွင် အပြေးအလွှားစုဆောင်း မြှုပ်နှံနေ ကြသည်။ ချစ်စရာဝရုန်းသုန်းကား အပြုအမူလေး များကြောင့် ကျွန်မပြုံးမိသည်။ ခြံအနောက်ဖက်၌ သမင်အုပ် ဖြတ်သွားသော်လည်း ငြိမ်သက်နေ သည်။ သို့သော် ရှဥ့်လေးတစ်ကောင်၏ အသံက ၎င်းတို့အပြုံလိုက် ဝင်လာသကဲ့သို့ ထင်ရသည်။
ထိုသတ္တဝါနှစ်မျိုး၏ သဘာဝကလည်း မတူညီ။ သမင်များက ဆောင်းရာသီအတွက် အစာစုဆောင်းရန်မလို။ ဆောင်းရောက်လျှင် သူတို့သွားရာလမ်းတစ်လျှောက် ချုံပုတ် အပါအဝင် တွေ့သမျှအပင်မှအရွက်များကို စားကြသည်။ သို့သော် ရှဥ့်များက သမင်ကဲ့သို့ လုပ်မည်ဆိုပါက ၎င်းတို့၏အစာကို အလွယ်တကူမတွေ့သော် အစာငတ်ပြီ်။
သမင်နှင့်ရှဥ့်တို့က ဘုရားသခင်၏ ဂရုပြုစောင်မသော နည်းလမ်းများကို ထင်ဟပ်ဖော်ပြနေသည်။ ကျွန်မတို့အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းနိုင်ရန် ကိုယ်တော်မစပြီး ကျွန်မတို့ ပိုင်ဆိုင်သည့် အရင်းအမြစ်များ ပြတ်လပ်သွားသည့်အခါ လိုအပ်ချက်များကို…
လူပုံအလယ်၌ ချီးမွမ်းခြင်း
ဈေးဝယ်စင်တာတစ်ခုရှိ စားသောက် ဆိုင်တွင် လူများပုံမှန် စားသောက်နေကြစဉ် လူတစ်ဦးက ရုတ်တရက်ထပြီး “Hallelujah Chorus” ဓမ္မတေးကို မရှက်မကြောက်၊ ချီးမွမ်းဆို လိုက်ရာ စားသောက်နေသူများလန့်ဖြန့်သွား သည့် ဗွီဒီယိုပြကွက်ကို You Tube တွင် ကြည့်ခဲ့ရပြီး ကျွန်တော် သဘောကျမိသည်။ လူတိုင်းအံ့အားသင့်လျက် မှင်တက်နေစဉ် လူ တစ်ယောက်ပြီးတစ်ယောက်ထကာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ အချိန်ခဏလေးအတွင်း ဟန်ဒဲလ်၏ အကျော်ကြားဆုံး ဓမ္မတေးသီချင်း သံပြိုင်ချီးမွမ်းသံများ ဆိုင်အတွင်းမြည်ဟီးသွား သည်။ ခရစ်ယာန်အော်ပရာပြဇာတ်ကုမ္ပဏီတစ်ခုက ၎င်းတို့၏အစေခံ အဆိုတော်များကို ဈေးဝယ်စင်တာများ၌ အမှုတော်ဆောင်ရန် ခန့်ထားခြင်းဖြစ်ပြီး၊ နေ့စဉ်ပုံမှန် ဈေးဝယ်သူ များ၏ အသက်တာတွင် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရေး ၎င်းတို့က မထင်မှတ် သော နည်းလမ်းများဖြင့် ဝမ်းမြောက်စွာ အစေခံခြင်းဖြစ်သည်။
ထိုဗွီဒီယို ပြကွက်ကို ပြန်လည်ကြည့်ရှုတိုင်း စိတ်လှုပ်ရှားကာ မျက်ရည်ဝဲမိ သည်။ ခရစ်တော်၏သဏ္ဌာန်ကို ယူတင်ဝတ်ဆောင်ပြီး…
အန္တရာယ်ရှိသောစိန်ခေါ်ချက် ပြဿနာ
နိုက်ဂါရာ ရေတံခွန်ကို ဖြတ်ကျော် သွယ်တန်းထားသည့် အချင်း ၅ လက်မလုံးပတ်ရှိ ပြီး ပေ ၁၈၀၀ ရှည်လျားသည့် ကြိုးတန်းပေါ်မှ နစ် ဝေါ်လန်ဒါ စွန့်စားဖြတ်လျှောက်နေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် ပရိတ်သတ်သန်းပေါင်း များစွာက ရင်ခုန်စွာ ကြည့်ရှုခဲ့သည်။ ကြုံတွေ့နိုင် သည့်အန္တရာယ်၊ စိန်ခေါ်မှု အခက်အခဲမှန်သမျှ အတွက် သူကြိုတင်ပြင်ဆင်ပြီးသားပါ။ သို့သော် အဟုန်ပြင်းစွာ စီးဆင်းနေသည့်ရေထုအပေါ်မှ ဖြတ်လျှောက်သည့် စွန့်စားမှုတွင် ရေတံခွန်မှ လွင့်စင်လာသော ရေမှုန်ရေမွှားများက အမြင်ကို ဝေဝါးစေသည်။ ထို့ပြင် လေတိုက်နှုန်းပြင်းသဖြင့် သူ့ခန္ဓာကိုယ် ဟန်ချက်လွဲမှာစိုးရသည်။ အရေးထဲ ရေမှုန်များကြောင့် ခြေထောက်ရေစိုကာ ခြေကုပ်ယူရန် ခက်ပြီ။ အန္တရာယ်များသည့် အခြေအနေကြောင့်ဖြစ်မည်။ စွန့်စားပြသစဉ် သူသည် ဘုရားထံအလွန် ဆုတောင်းကာ ဂုဏ်တော်ချီးမွမ်းခဲ့သည်။
ဣသရေလလူတို့သည်လည်း အန္တရာယ်များဝိုင်းနေစဉ် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ ၎င်းတို့ကို တိုက်ခိုက်ရန် ရန်သူတပ်များစွာက ပူးပေါင်းကြသည်…
တစ်၏တန်ဖိုး
အထက်တန်း ကျောင်းသူလေး ကင်မ် ဟက်စ်ကင်းစ်၏ ကျောင်းဆင်းပွဲမတိုင်မီ နာရီပိုင်းအလိုတွင် မတော်တဆယာဉ်တိုက်မှု ဖြစ်ပြီး ကင်မ်၏ဖခင် သေဆုံးသွားသည်။ သူမ နှင့်မိခင်တို့ကို ဆေးရုံတင်လိုက်ရသည်။ နောက် တစ်နေ့တွင် ကင်မ်၏ကျောင်းအုပ်ဆရာကြီး ဂျိုး ဂါရက် ဆေးရုံသို့ရောက်လာခဲ့ပြီး သူ့အတွက် အထူးအစီအစဉ်တစ်ရပ်ကို ပြုလုပ်ပေးချင် ကြောင်းပြောသည်။ မကြာမီ သူ့အတွက်သီးသန့် ကျောင်းဆင်းပွဲ ကျင်းပပေးခဲ့ပြီး အခမ်းအနားတွင် ကင်မ်အပေါ် ကရုဏာသက်နေကြသည့် ဆရာ ဆရာမများ၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့များနှင့် သူငယ်ချင်းများက ကျောင်းခန်းမအပြည့် တက်ရောက်ခဲ့ကြသည်။ ၎င်းတို့က ဝိုင်းဝန်းပံ့ပိုးပြီး နွေးထွေးလှိုက်လှဲစွာ မေတ္တာပြအားပေးနှစ်သိမ့်ကြောင်းကို ဂျိမ်းစ် ဒရူးက ကော်လိုရာဒို စပရင်း ဒေသထုတ် The Gazette စာစောင်၌ ရေးသားခဲ့သည်။
ကျောင်းအုပ်ကြီး ဂါရက်က“ပညာရေးမှာ ဘယ်ကလေးမှ နောက်ကျမကျန်ရစ် အောင် ကျွန်တော်တို့အများကြီး ဆွေးနွေးကြသလို စစ်တပ်မှာလည်း ဘယ်စစ်သားမှ မကျန်ခဲ့ဖို့…
ပိုမိုသာလွန်ထူးခြားသော
“အန်တီ ဂျူလီ၊ ဒီလိုဖြစ်လာမှာ မဟုတ် ပါဘူး။ ဒါကိုဘဲမျှော်လင့်နေတဲ့ အန်တီ့စိတ်ထဲက အဲဒီအတွေးတွေလည်း မကြာခင် ပျောက်သွား မှာပါ။” “မျှော်လင့်စရာအကြောင်း မရှိဘူးဆိုတာ ငါလည်းသိတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ၊ ဖြစ်ရင်ဖြစ်မှာ။” မိသားစုတွင် ကြုံရသည့် အခြေအနေတစ်ရပ်နှင့်ပတ်သက်ပြီး ကျွန်မတူမနှင့်ကျွန်မသည် ထိုကဲ့သို့တစ်ယောက် တစ်မျိုး ထင်ကြေးပေးပြီး နှစ်ပေါင်းများစွာ သဘော ကွဲလွဲခဲ့သည်။ “ဘုရားသခင်က မဖြစ်နိုင်တဲ့အရာကို ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ အဖြစ်တွေကို အမြဲလိုလိုကြားဖူးလို့ ဒီကိစ္စလည်း တကယ် ဖြစ်လာနိုင်တယ်ဆိုတာ ငါသိနေတာ” ဟု ဤစကားတစ်ခွန်းကိုဖြင့် တစ်ခါ တစ်လေ ကျွန်မပြောမိသည်။ “ဒီလို မယုံနိုင်စရာ အံ့သြစရာအဖြစ်အပျက်တွေကို ဘုရား သခင်က တစ်ခြားမိသားစုတွေမှာဘဲ ဖြစ်ခွင့်ပေးတာ။ ငါ့မိသားစုမှာတော့ ဖြစ်မလာပါဘူး” ဟူသည့် စကားကိုဖြင့် ကိုယ့်ဖာသာကိုယ်ပဲ ရေရွတ်မိသည်။
မကြာသေးမီက ကျွန်မတို့၏သင်းအုပ်ဆရာသည် ဧဖက်သြဝါဒစာကို သွန်သင်ဟောပြောခဲ့ရာ၊…
အတူရှိနေခြင်းဆုကျေးဇူး
ယခင်နှစ်များစွာက လူ့အရင်းအမြစ် ဌာန၏ မန်နေဂျာအဖြစ် အလုပ်ဝင်ကာစတွင် ကုမ္ပဏီတွင်နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ဝန်ထမ်းတစ်ဦး၏နာရေးသို့ သွားရောက်သတင်း မေးခဲ့သည်။ သူသည် လုပ်ဖော်ဆောင်ဖက် များစွာက ချစ်ခင်သည့် ပန်းရံလုပ်သားတစ်ဦး ဖြစ်သော်လည်း ကျန်ရစ်သူဇနီးသည်မုဆိုးမထံ လာရောက်သတင်းမေးသူ အနည်းငယ်သာရှိ သည်။ အခြားသူများက ၎င်းတို့၏အပြုအမူ၊ အပြောအဆိုသည် ကျန်ရစ်သူမိသားစုအတွက် ပို၍ဝမ်းနည်းကြေကွဲစရာ ဖြစ်မည်စိုးသောကြောင့် သတင်းမေးရန် မလာကြခြင်းပါဟု လူတစ်ဦးက ရှင်းပြလျက် ၀မ်းနည်းကြေကွဲနေသော ဇနီးသည် ကို ကြိုးစား၍ နှစ်သိမ့်စကားဆိုသည်ကို တွေ့ခဲ့ရသည်။
သောကဖိစီးနှိပ်စက်နေချိန်များတွင် ကျွန်ုပ်တို့ မည်သို့နှစ်သိမ့်အားပေးခဲ့ သည်ကို မိတ်ဆွေများက မှတ်မိရန်ခဲယဉ်းပါသည်။ သို့သော်လည်း ထိုအချိန်များတွင် သူတို့အနီး၌ ကျွန်ုပ်တို့အတူရှိနေခြင်းကို သူတို့အမှတ်ရဆုံးဖြစ်သည်။ ချစ်ရသူကို ဆုံးရှုံး ရ၍ အထီးကျန်အားငယ်မှုဝေဒနာ ပြင်းစွာခံစားရချိန်တွင် အတူရှိနေပေးသောမိတ်ဆွေ များ၏မျက်နှာကိုမြင်ရခြင်းက သူတို့ထံမှနှစ်သိမ့်စကားများကြားရခြင်းထက် သာ၍ခွန်အား ဖြစ်စေသည်။ နှုတ်ဖြင့်နှစ်သိမ့်အားပေးစကားမဆိုနိုင်သောအချိန်၌ပင် ထိုကဲ့သို့ အတူပါရှိ…